သွားစရာစုံလင် ရှမ်းပြည်တစ်ခွင်

တောင်ကြီး အင်းလေး ကလော ပင်းတယ ရွာငံ ၃ ညအိပ် ၄ ရက်ကို တစ်သိန်းသုံးသောင်းပဲ ကုန်မယ်ဆို မင်းယုံလိုက်ပါ #Shan_state #Myanmar #Fred,The_Traveller          သွားမယ်သွားမယ်ဆိုပြီးအကြောင်းအမျိုးမျိုး ကြောင့်မသွား ဖြစ်ဘူးဖြစ်နေလို့ ဒီနှစ်တော့ ကိုယ်သွားချင်နေတဲ့ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်လေးကို စီစဉ်ခဲ့တယ် ကားလက်မှတ်          ရန်ကုန်-တောင်ကြီး ကားလက်မှတ်တွေကတော့ အစုံပါပဲ ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့ ကားဂိတ်တွေမှာ ဝယ်ပါ ကျွန်တော် ကတော့ lumbini ကားဂိတ်က ဝယ်ခဲ့တယ် lumbini က ကားလဲ ကောင်းတယ်ဆက်ဆံရေးလဲကောင်းတယ် ဈေးနှုန်းတွေကတော့ အစားစားပဲ ရိုးရိုးဆိုရင်တော့ 12000 VIP ဆိုရင်တော့ 19800 ထင်တယ် ကိုယ်တွေကတော့ သူငယ်ချင်း ရှစ်ယောက် ရိုးရိုးပဲဝယ်ခဲ့တယ် တည်းခိုရန်နေရာ            မသွားခင်ကတည်းက Agoda ကနေပြီး hotel တွေစုံစမ်းခဲ့တယ် Hotel Motel Guest house တွေမှ အစုံပဲ ကိုယ်တတ် နိုင်မဲ့ ဈေးနှုန်းပေါ်မူတည်ပြီး ရှာကြည့်လိုက်ပါ ကိုယ်တွေက ကလောမှာတည်းမှာဆိုတော့ ကလောက ချစ်စရာကောင်းတဲ့ hotel လှလှ လေး တစ်ခုမှာ booking တင်ခဲ့တယ် Nature Land hotel တဲ့ ရှစ်ယောက်ဆိုတော့ 3 ယောက်ခန်း နှစ်ခန်း နဲ့ 2ယောက်ခန်း တစ်ခန်းယူခဲ့တယ် 3ယောက်ခန်းက နှစ်ရက်ဆက်တိုက် မရလို့ နောက်တစ်ရက်ကို 3ယောက်ခန်းကို superior ကနေ standard ကိုပြောင်းခဲ့ရတယ်   3ယောက်ခန်း 60000 superior room   3ယောက်ခန်း 45000 standard room   2ယောက်ခန်း 30000 standrad room အဲတော့တစ်ယောက်ကို hotel နှစ်ညအိပ်ခ 35000 လည်ဖို့ပတ်ဖို့           ရန်ကုန်မှာတည်းက ဖုန်းဆက်ပြီးတော့ သူငယ်ချင်း တစ်ယောက် recommend ပေးတဲ့ guide နဲ့ car service လှမ်းချိတ်ပြီးသား Ko Thargyi kalaw trekking guide & car service မှာ trekking ကော ကား service ကော အကုန်တစ်ခါတည်းရတယ်သဘောကောင်းတယ်          ကိုယ်တွေရဲ့ plan က ရောက်ရောက်ချင်း နေ့ကို              day trip trekking လုပ်တယ် ဒုတိယနေ့ကို     တောင်ကြီး အင်းလေ လည်တယ် တတိယနေ့ကို    ကလော ပင်းတယ ရွာငံ ကို လည်တယ် Day (1)           သောကြာည ၇ခွဲ ကားစီးခဲ့တော့ ကလောကို စနေမနက် ၄ နာရီလောက်ရောက်တယ် ရန်ကုန်-တောင်ကြီးကားလက်မှတ် ဝယ်ပြီး ကလော ရောက်ရင်ပြောဖို့ကားသမားကိုမှာထားပြီးရောက် တော့ဆင်းလိုက်ရုံပဲ ကိုယ်တည်းမဲ့ hotel နဲ့ နီးတဲ့နားမှာ ဆင်းပါ ကိုယ်တွေကတော့ သုမောင်ထမင်း ဆိုင်ရှေ့မှာဆင်းလိုက်တယ် nature land hotel က အထဲကိုနည်းနည်းဝင်ရတယ်                      ကားပေါ်ကဆင်းဆင်းချင်းမှာပဲ အေးချက်က 9 +++ ရှိတယ် သွားတဲ့အချိန်ကလည်း ဒီဇင်ဘာ ဆိုတော့ ခိုက်ခိုက်တုန်အောင် ချမ်းတာ trekking guide အစ်ကို ကိုသားကြီးက hotel ကို သူ့ကားနဲ့ လိုက်ပို့ပေးလို့လမ်းမ လျှောက်ရတာ မဟုတ်ရင်တော့ မလွယ်ဘူး hotel ကိုရောက်တော့ early check-in မရသေးလို့ စောင့်ရသေးတယ် hotel ကနားနေဖို့ အခန်းတစ်ခန်းတော့ စီစဉ်ပေး ပါတယ် အဲ့အခန်းထဲမှာ အထုပ်အပိုးတွေ ချ ခဏ နားပြီး trekking လျှောက်ဖို့ ပြင်ဆင်ရပါပြီ               ရောက်ရောက်ချင်းနေ့ trekking လျှောက်ဖို့အစက အစီအစဉ်မရှိပါဘူး ဒါပေမဲ့ လျှောက်လည်မဲ့ကားက အဆင်မပြေတာနဲ့ပဲ ရောက်ရောက်ချင်းနေ့trekking သွားဖြစ်လိုက်တာ               guide က မနက် ၆ နာရီ hotel ရှေ့မှာလာခေါ်ပြီး ကလောဈေးမှာ မနက်စာ သွားစားကျတယ် တကယ်အံ့သြဖို့ ကောင်းတာက ဈေးနှုန်းတွေကအရမ်းတန်ပြီး ဘာစားစား တစ်ပွဲမှ ၅၀၀ ငါးထမင်းနယ်စားမလား ဟင်းထုပ်စားမလား ရှမ်းခေါက်ဆွဲစားမလား တို့ဟူးနွေးစားမလား မုန့်ဟင်းခါးတောင်ရသေးတယ် ဘာစားစား ၅၀၀ မနက်စာ စားပြီးတော့ ဈေးထဲမှာ လျှောက်ပတ်ကြည့်ပြီး trekking စလျှောက်မဲ့နေရာအထိ သုံးဘီးကားလေးနဲ့ လိုက်သွားရုံပဲ              တစ်ခုမှာချင်တာက trekking လျှောက် ရတာ ပင်ပန်းပါတယ် ဒါကြောင့် ဘာမှတော်ရုံတန်ရ့ုံဆို မယူသွားပါနဲ့ ဖုန်းနဲ့ပိုက်ဆံ အိတ်လောက်ပဲယူသွားပါ ပင်ပန်းလို့ပါ လမ်းလျှောက်ဖိနပ်ကောင်း ကောင်းတစ်ရံစီးသွားပါ guide က ရေသန့်ဘူးလမ်းလျှောက်ရင်စားဖို့ လိမ္မော်သီး ကအစ အကုန်ပါ ပါတယ် view point ရောက်ရင်စားဖို ့နေလည်စာပါစီစဉ်ပြီးသားပါ အကုန်အပြီးမှ တစ်ယောက်ကို11000 ပဲကျပါတယ် ဒါက ရှစ်ယောက်မို့ ဒီဈေးပါလူများရင်ဈေးပိုနည်းပြီး လူနည်းလေ ဈေးပိုများလေပါ              စလျှောက်ပြီးခဏနေရင်ပဲ ထင်းရှူးတောကြီးတွေကိုတွေ့ နိုင်ပါတယ် လူများလေပိုပျော်ဖို့ကောင်းလေပါ တောင်စောင်းလေး တွေဘေးကနေ လျှောက်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါ လမ်း တစ်လျှောက ်ရှုခင်းတွေကလဲ အမိုက်စား တောင်တန်းတွေကလဲ နိမ့်သွားလိုက် မြင့်သွား လိုက် လက်ဖက်စိုက်ခင်းတွေ လိမ္မော်ခြံတွေက လည်း ရှုမျော်မဆုံး တကယ်ပြောရဲပါတယ် ငယ်ရွယ်တုန်းမှာ သူငယ်ချင်းတွေစုပြီး trekking တစ်ခါလောက်တော့လျှောက်ပါ တစ်သက်မမေ့နိုင်မဲ့ အမှတ်တရတွေကျန်နေမှာပါ             လျှောက်လာရင်နဲ့ နေ့လည်လောက် ရောက်တော့ view point ကိုရောက်ပါပြီး ရှုခင်းက အရမ်းကိုလှပါတယ် view point က ချာပါတီဆိုင်မှာနေ့လည်စာ စား ခဏနားပြီ ပြန်ထွက်ခဲ့ပါတယ် အလာတုန်းက တောင်စောင်းလေးတွေက လမ်းလျှောက်ခဲ့ရပြီး အပြန်ကျတော့ လုံးဝတောတွင်းလမ်းထဲကနေ သွားတာပါ တကယ် မိုက်ပါတယ် သစ်ပင်တွေကြားထဲကသွား စမ်းချောင်းလေးတွေ ဖြတ်သွား တကယ်ကို သဘာဝရဲ့ အရသာ စစ်စစ်ပါ အရမ်းမိုက်တဟ်               တော်တော်လေးလျှောက်ပြီးတော့ ရေအေးကန် ဆိုတာကိုရောက်ပါပြီ guide ရဲ့ပြောပြချက်အရ အဲ့ကန်ကနေ ကလော တစ်မြို့လုံးကို ရေဝေပေးနေတာတဲ့ တော်တော်လေး သာယာပါ တယ် အဲလိုနဲ့ ဆက်လျှောက်လာခဲ့တာတဖြည်းဖြည်းနဲ့ နေတောင် အတော်စောင်းလာခဲ့လို့ ၄ နာရီ နီးပါးဖြစ်လာခဲ့ပြီ လမ်းဆုံးကို ရောက်တော့ ခဏနားပြီး တုတ်တုတ်ဆိုင်ကယ်နဲ့ hotel ကို ပြန်ခဲ့တယ်                  hotel ကိုအရင်မပြန်သေးပဲ hotel နားက အဝစား ၃၀၀၀တန် အသားကင်နဲ့ ဟော့ပေါ့ ကို ညစာ ဝင်စားခဲ့သေးတယ် အသီးအရွက်က တော့အစုံပါပဲ အသားကတော့ ကြက်သားနဲ့ ဝက်သား နှစ်မျိုးပဲရတယ် အချိန်အကန့်အသတ် မရှိပါဘူး ကိုယ်တွေအဖွဲ့တော့ တစ်နေကုန်ပင်ပန်း ထားတာနဲ့ ဗိုက်ကလဲဆာ အမုန်းဆွဲခဲ့ပါတယ် ပြီးမှ hotel ပြန်ရေမိုးချိုးပြီးနားတော့ပေါ့ Day (2)           အင်းလေး သွားဖို့ စောစောထ hotel မှာ breakfast စား အကုန်လုံး ပြင်ဆင်ပြီးတော့hotel reception မှာ ကားသမား အစ်ကိုကြီးက စောင့်နေပါပြီ အင်းလေးကန်ထဲက လည်စရာ ပတ်စရာတွေ နဲ့ တောင်ကြီး မြို့ထဲကို လည်ပတ်ဖို့ကားခက တစ်ရက်ကို ၁သိန်း ၃သောင်းပါ အဲဒါကအင်းလေးမှာ စီးမဲ့ စက်လှေခပါ ပါပြီးသား ပါ ကားက alphard ပါ သန့်ပါတယ်ကားစီးလာရင်း လမ်းမှာ ရှုခင်း လေးတွေက လဲအလွန်လှ သူငယ်ချင်းတွေနဲ့သွားရတာဆိုတော့ ပျော်ဖို့ကလဲအလွန်ကောင်း တစ်နာရီလောက် မောင်းပြီးတော့ ့''ဘဝသံသရာ ရထားလမ်း'' ကို ရောက်ပါတယ် ဓာတ်ပုံရိုက်လို ့ကောင်းပါတယ် အဲကနေ ဆက်မောင်းလာရင် ခဏကြာတော့ အင်းလေးကန်ကိုရောက်ပါပြီ                            ကန်ထဲမှာစီးဖို့ မှာထားပြီးသားဆိုတော့စက်လှေကလဲ အဆင်သင့် စက်လှေဆိပ်မှာ ဇင်ယော်စာ လေးတွေတော့ဝယ်သွားပါ ဇင်ယော် လေးတွေတအားချစ်ဖို့ကောင်းတာတွေ့ရမှာပါ ပထမဆုံး အကြိမ်ရောက် ဖူးတာဆိုတော့ ရေပြင်ကြီးတွေ့တဲ့အခါမှာ ပျော်ပြီး တော့ စိတ်ထဲမှာလန်းဆန်းသွားတာပဲ သဘာဝကပေးတဲ့အထူး လက်ဆောင်တွေပါ                               အင်းထဲမှာတော့ လည်စရာတွေက -ဖောင်တော်ဦးဘုရား -ကြောင်ခုံကျောင်း -ယက္ကန်းရုံ -မိုင်းသောက်တံတား ကိုယ်တွေကတော့ တောင်ကြီးလဲသွားဦးမှာဆို တော့ ဒီလောက်ပဲ လည်ခဲ့တယ်                      အင်းလေးကန်ကနေ ဆက်ထွက်လာပြီးတော့ တောင်ကြီးသွားတဲ့လမ်းမှာ ဝိုင်ခြံ နှစ်ခုကိုဝင်လေ့လာဖြစ်ခဲ့တယ်     အေးသာယာ ဝိုင်ခြံ      red mountain ဝိုင်ခြံ   နှစ်ခုစလုံးရဲ့ နေဝင်ရှုခင်းကတော့ အမိုက်စားပဲ ဝိုင်လေးသောက် စကားစမြည်းလေး ပြော လုံးဝ နိဗ္ဗန်ပဲ                 ဝိုင်ခြံကနေထွက်လာပြီး ခဏနေတော့တောင်ကြီးမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်ပုဒ်ကနေ ကြည့်လိုက်ရင် တောင်ပေါ်မှာ တည်ထားတဲ့ မြို့လေးက်ုလှမ်းတွေ့နိုင်ပါတယ် တကယ်ကိုအေးချမ်းပြီး လှပတဲ့မြို့ပါ မြို့ထဲမှာ သန့်ရှင်းသပ်ရပ်နေတာပဲပထမဆုံး တောင်ကြီးက စူဋမဏိဘုရားကို ဝင်ရောက်ဖူးမြော်ပြီး မိုးချုပ်သွားလို့ တောင်ကြီး တစ်မြို့လုံးကို အပေါ်စီးကမြင်ရတဲ့ မြစိမ်းတောင်ပေါ်တော့ မရောက်ခဲ့ဘူး                တောင်ကြီးမြို့မဈေးမှာ ကားရပ်ပြီး ကိုယ်တွေအဖွဲ့ကတော့ ညဈေးမှာ ဆင်းမွှေတာပေါ့ စားစရာတွေကလဲ အစုံပဲ ဒေသထွက် လက်ဖက်ခြောက် မြေပဲ အသီးအနှံတွေကလဲ ပေါမှပေါ တောင်ကြီး ပဲလှော်တွေ စုံနေတာပဲ ညဈေးမှာ မုန့်တွေဘာတွေစား ဝယ်ချင်တာတွေ ဝယ်ပြီး ကလောကို ပြန်လာခဲ့တယ် hotel မှာ နားတယ်